လူငယ်ကစားသမား ဇော်ဝင်းသိန်းနှင့် မိတ်ဆက်ခြင်း

လူငယ်ကစားသမား ဇော်ဝင်းသိန်းနှင့် မိတ်ဆက်ခြင်း

အနာဂတ်အတွက် အားထားရမယ့်လူငယ်ကစားသမားတွေကို ရှာဖွေ မြေတောင်မြှောက်ပေးနေတဲ့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့လူငယ်ကစားသမားတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီထဲကမှ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့် ကစားသမားတစ်ဦးကတော့ ကွင်းလယ်ကစားသမား ဇော်ဝင်းသိန်း ပဲဖြစ်ပါတယ်။

ရန်ကုန်ဇာတိဖြစ်တဲ့ ဇော်ဝင်းသိန်းက မန္တလေးအကယ်ဒမီမှာ ၂၀၁၄ ခုနှစ်ကမှစတင်ကာ နှစ်နှစ်ကြာလေ့ကျင့်သင်ယူခဲ့ပြီး သက်တမ်းအလိုက် လူငယ်မြန်မာ့လက်ရွေးစင်အသင်းမှာ ၂၀၁၆ ခုနှစ်ကစတင်ကာ ၅ နှစ်ဆက်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
လူငယ်လက်ရွေးစင်အသင်းနဲ့အတူ ရရှိခဲ့တဲ့အောင်မြင်မှုတွေကတော့ ၂၀၁၉ ခုနှစ် အသက် ၁၈ နှစ်အောက် ဟောင်ကောင်လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဖလားရရှိခဲ့ပြီး ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ 2019 U-19 Chinese Taipei ဖိတ်ခေါ်မလားပြိုင်ပွဲတွင် ဒုတိယ၊ U-18 AFF Championship တွင် အကြိုဗိုလ်လုပွဲထိတက်ရောက်နိုင်ခဲ့ပြီး U-20 BTV Cup 2019 တွင် တတိယဆုရရှိအောင် စွမ်းဆောင်ခဲ့တဲ့အထဲမှာ ဇော်ဝင်းသိန်း လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် Junior Lions အသင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဖြစ်တဲ့ အသက် ၂၁ နှစ်အောက်လူငယ်ပြိုင်ပွဲ (MNL U-21 2019) မှာ ချန်ပီယံဆုဖလားရရှိခဲ့ပြီး ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်-၂ မှာ ရာသီဝက်ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။