ခြေစမ်းပွဲတွင် Sliver Stars အသင်းကို ၇ ဂိုးပြတ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အနိုင်ရရှိ

ခြေစမ်းပွဲတွင် Sliver Stars အသင်းကို ၇ ဂိုးပြတ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အနိုင်ရရှိ

ယနေ့မနက်က Yangon United Sport Complex တွင် ယှဥ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာနေရှင်နယ်လိဂ်- ၂ ကလပ် Silver Stars အသင်းတို့ ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ခုနှစ်ဂိုး ဂိုးမရှိဖြင့် Silver Stars အသင်းကို အနိုင် ရရှိခဲ့သည်။
ယနေ့ပွဲစဥ်ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ပြည်တွင်းကစားသမား စုဖွဲ့မှုဖြင့် ပွဲထွက် ခဲ့ပြီး ဦးဆောင်ဂိုးကို ပွဲချိန် ၁၃ မိနစ်တွင် ဟိန်းဇေယျာမင်း ကန်ချက် တိုင်ထိရာမှတဆင့် သာယာဝင်းထက် ပိတ်သွင်းချက်ကို ရန်ကျော်ထွေး မှ ထပ်ဆင့်ပိတ်သွင်းကာ ဦးဆောင်ဂိုးရရှိခဲ့သည်။ ဒုတိယဦးဆောင်ဂိုးကို ဟိန်းဇေယျာမင်း က ၁၉ မိနစ်တွင်သွင်းယူပေးခဲ့ပြီး၊ ပွဲချိန် ၂၅ မိနစ်တွင် ကျော်ဖြိုးဝေ က တတိယဂိုး၊ ပွဲချိန် ၄၅ မိနစ်တွင် အောင်မျိုးခန့် က စတုတ္ထဂိုး အသီးသီးသွင်းယူခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် လေးဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ပြည်ပကစားသမားဖြစ်သည့် ဂျီဒီအွန်တပ်တတ်၊ ဆန်နိုဂို နှင့် အဘူဘာကာ တို့ကို ထည့်သွင်းအသုံး ပြုခဲ့သည်။ ပွဲချိန် ၆၂ မိနစ်တွင် သာယာဝင်းထက် က ပဥ္စမဂိုး၊ ပွဲချိန် ၈၁ မိနစ်တွင် ဆန်နိုဂို က ဆဌမဂိုး နှင့် ၈၆ မိနစ်တွင် ရန်‌ကျော်ထွေးက သတ္တမဂိုး သွင်းယူခဲ့ကာ ပွဲပြီးဆုံးချိန်တွင် Silver Stars အသင်းကို ခုနှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။