ဒုတိယမြောက်ခြေစမ်းပွဲတွင် ရန်ကုန်အသင်းက Glory Goal ကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိ

ဒုတိယမြောက်ခြေစမ်းပွဲတွင် ရန်ကုန်အသင်းက Glory Goal ကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိ

ယနေ့ညနေက YUSC တွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် Glory Goal အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက ၆-၀ ဂိုးဖြင့် Glory Goal အသင်းကိုအနိုင်ရရှိခဲ့သည်။
League Cup ပွဲစဉ်များရပ်နားထားချိန်တွင် လေ့ကျင့်မှုများရပ်နားခြင်းမရှိဘဲ ခြေစမ်းပွဲစဉ်များ ကစားလျက်ရှိသည့် ရန်ကုန်အသင်းသည် ဒုတိယမြောက်ခြေစမ်းပွဲစဉ်အဖြစ် Glory Goal နှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
ပထမပိုင်းတွင် ရန်ကုန်အသင်းက ၂-၀ ဂိုးနှင့် ဦးဆောင်နေခဲ့ပြီး ပထမဦးဆောင်ဂိုးကို
ပွဲချိန် ၁၃ မိနစ်တွင် သာယာဝင်းထက် ၏ ထောင့်ကန်ဘောမှတဆင့် ယာယာက ပိတ်သွင်းယူခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို အဘူဘာကာ ကသွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် ကစားသမားအချို့အပြောင်းအလဲလုပ်ခဲ့ပြီး ဟိန်းဇေယျာမင်း ကန်တင်ပေးပို့မှုမှတဆင့် ဉာဏ်လင်းထက် က တတိယဦးဆောင်ဂိုးကို သွင်းယူခဲ့သည်။ ထို့နောက် ရန်ကျော်ထွေး က မိနစ် ၆၀ နှင့် ၇၈ မိနစ်တွင် ဦးဆောင်ဂိုးများထပ်မံသွင်းယူခဲ့ပြီး အဆုံးသတ်အနိုင်ဂိုးကို ဟိန်းဇေယျာမင်း က ရန်ကျော်ထွေး ၏ ပေးပို့မှုဖြင့် သွင်းယူနိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစမ်းပွဲ ၂ ကြိမ်ယှဉ်ပြိုင်ကစားထားခဲ့ပြီး Sliver Stars အသင်းကို ၇-၀၊ Glory Goal ကို ၆-၀ ဂိုးတို့ဖြင့် အသီးသီးအနိုင်ရရှိထားသည်။