ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်

ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၆ အဖြစ် ဟံသာဝတီယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ ဟံသာဝတီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို လာဒင်မောရာကသွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်တွင် ဟိန်းဇေယျာလင်းနဲ့ ဒေးဗစ်ထန်းတို့ ဒဏ်ရာကြောင့် ပါဝင်လာနိုင်ခြင်းမရှိဘဲ ပွဲထွက်ကစားသမား စာရင်းမှာ ပြည့်ဖြိုးဇော် နှင့် ဇာနည်ထက် တို့ကို ပါဝင်ကစားခဲ့သည်။
နှစ်သင်းစလုံးတိုက်စစ်အားကောင်းကောင်း ဖြင့် ဂိုးရရှိရန်ကြိုးစားခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်ထိ နှစ်သင်းစလုံးဂိုးမရှိသရေရလဒ်ထွက်ပေါ်နေခဲ့သည်။
ဒုတိယပိုင်း ပွဲချိန် ၅၉ မိနစ်တွင် မင်းကျော်ခန့်ဖြတ်တင်ပေးသည့်ဘောလုံးကို ဝင်းနိုင်ထွန်း အပိုင်ကန်သွင်းခဲ့သော် လည်း တစ်ဖက်ဂိုးသမား
ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၆၅ မိနစ်တွင် ဂျုနီယာအစား လမင်းထွေးဝင်ရောက် ကစားခဲ့ပြီး တိုက်စစ်မြှင့်ကစားခဲ့သည်။ ပွဲချိန် ၇၅ မိနစ်တွင် ထောင့်ကန်ဘောမှ တဆင့်ပြန်ထွက်လာသည့် ဘောလုံးကို လာဒင်မောရာ ကန်သွင်းနိုင်ခဲ့ပြီး ဟံသာဝတီအသင်းဦးဆောင်ဂိုးရရှိခဲ့သည်။ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး ရန်ကုန်အသင်းချေပဂိုးရရှိရန် ဆက်တိုက်ဂိုးပေါက်ခြိမ်းခြောက်မှုများ လုပ်နိုင်ခဲ့သော်လည်း တစ်ဖက်နောက်တန်းနှင့် ဂိုးသမားကာကွယ်ထားနိုင် သောကြောင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။
ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်း ယာယီနည်းပြချုပ် ဦးကျော်ဒွန်းက “သူတို့အသင်းမှာ အားသာချက်လေးတွေရှိသလို ကျွန်တော်တို့အသင်းမှာလည်း အားသာချက်လေးတွေ ရှိပါတယ်။ သူတို့ကရတဲ့ အခွင့်အရေးကို အသုံးချ နိုင်တဲ့အတွက် အနိုင်ရရှိသွားတာပါ”ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၄ ပွဲယှဉ်ပြိုင်ကစားထားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး ရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၂ နေရာတွင် ဆက်လက်ရပ်တည်နေပြီး လာမည့် အောက်တိုဘာ ၂၂ ရက်နေ့တွင် အား/ကာသိပ္ပံအသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။