ဗိုလ်ချုပ်အောင်ဆန်းဒိုင်း

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း

ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၉ ဘောလုံးရာသီမှာ မြန်မာနေရှင်နယ်လိဂ်ဖလားကို လက်လွှတ်ခဲ့ရပေမယ့် နှစ်နှစ်ဆက်ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံဖြစ်ဖို့ကို အားထည့်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီလိုယှဉ်ပြိုင်ကစားခဲ့ရာမှာလည်း အကြိုဗိုလ်လုပွဲမှာ နှစ်ကျော့ပေါင်းရလဒ်နဲ့စစ်ကိုင်းယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်အသင်းနဲ့အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ နှစ်ဖက်အသင်းရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်တွေနဲ့ ကစားကြတာက ပရိသတ်တွေကို ဖျော်ဖြေမှုရသအပြည့်ပေးနိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲလို့ညွှန်းလို့ရတဲ့အထိ ရေကုန်ရေခမ်းကစားခဲ့ကြပါတယ်။ ဒီဖိုင်နယ်ပွဲမှာ ရှမ်းအသင်းကို ဆီလာ ၂ ဂိုး၊ စိုးမင်းနိုင်နဲ့ မင်းကျော်ခန့် တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၄-၃ ဂိုးဆိုတဲ့ရလဒ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း နှစ်နှစ်ဆက်ချန်ပီယံဆိုတဲ့နာမည်ဂုဏ်ထူးကို အရယူနိုင်ခဲ့ပါတယ်။