မြန်မာနေရှင်နယ်လိဂ်

မြန်မာနေရှင်နယ်လိဂ်

အားလုံးမျှော်လင့်နေတဲ့ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဖြစ်ရေးဆိုတဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့အကောင်းဆုံးပြင်ဆင်ခဲ့ပြီး ပထမဦးဆုံး မြန်မာနေရှင်နယ်လိဂ်ဆုဖလားကို ရရှိခဲ့တဲ့နှစ်ပဲဖြစ်ပါတယ်။ ဒုတိယနေရာက ဧရာဝတီယူနိုက်တက်အသင်းနဲ့ နောက်ဆုံးပွဲစဉ်မှာ ဆုံတွေခဲ့ပြီး ဧရာဝတီအသင်းအနေနဲ့ အနိုင်ရရှိခဲ့ရင် ချန်ပီယံဆုကိုမျှော်မှန်းနိုင်မှာဖြစ်သလို ရန်ကုန်အသင်းကလည်း သရေတစ်မှတ်ရရုံနဲ့ ချန်ပီယံဖြစ်ဖို့သေချာနေတဲ့ အနေအထားတစ်ခုဖြစ်ခဲ့ပါတယ်။

ဦးဆောင်ဂိုးကို ဧရာဝတီအသင်းက ရယူနိုင်ခဲ့ပေမယ့် ရန်ကုန်အသင်းရဲ့ ဘရာဇီးတိုက်စစ်မှုး အဲလက်ဆန်ဂျီယို က ပြန်လည်ချေပဂိုးသွင်းယူခဲ့ပါတယ်။ ဧရာဝတီအသင်းက သွင်းဂိုးတစ်ဂိုးနဲ့ ထပ်မံဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ ဒေးဗစ်ထန် ရဲ့ ညာခြမ်းကနေ ဘယ်ခြေနဲ့မတင်ပေးတဲ့ဘောလုံးကို နိုက်ဂျီရီးယားတိုက်စစ်မှုး ချားစ်အိုဘီ ခေါင်းတိုက်ချေပဂိုးသွင်းယူပေးနိုင်ခဲ့တဲ့အတွက် ၂၀၁၁ မြန်မာနေရှင်နယ်လိဂ်ဆုဖလားကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။