MFF League Cup 2024 ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း အုပ်စု (က) တွင် ကျရောက်

MFF League Cup 2024 ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း အုပ်စု (က) တွင် ကျရောက်

MNL League Cup 2024 ပြိုင်ပွဲအတွက် မဲနှိုက်ပွဲစဥ်ဇယားရွေးချယ်ခြင်းအခမ်းအနားကို ယနေ့ နေ့လည်က သုဝဏ္ဏကွင်းတွင်း ကျင်းပခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စု (က) တွင် တက္ကသိုလ်အသင်း၊ မဟာယူနိုက်တက်၊ GFA အသင်းနှင့် ရွှေပြည်သာယူနိုက်တက်အသင်းတို့နှင့်အတူ ကျရောက်ခဲ့သည်။
မဲနှိုက်ပွဲစဉ်ဇယားရွေးချယ်ခြင်းအခမ်းအနားကို ရန်ကုန်ယူနိုက်တက်အသင်း ဒါရိုက်တာ ဦးစိုင်းခင်မောင်အေး၊ အသင်းအုပ်ချုပ်သူ ဦးမြင့်သိန်း နှင့် အသင်းခေါင်းဆောင် ဒေးဗစ်ထန်း တို့ တက်ရောက်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အဖွင့်ပွဲစဥ်အဖြစ် ရွှေပြည်သာယူနိုက်တက်အသင်းနှင့် မတ်လ ၁ ရက်နေ့၊ ညနေ ၄:၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ယှဥ်ပြိုင်ရမည်ဖြစ်သည်။