ISPE အသင်းကို အထင်မသေးဘဲ အကောင်းဆုံးယှဉ်ပြိုင်ကစားမည်ဟု လမင်းထွေး ပြောကြား

ISPE အသင်းကို အထင်မသေးဘဲ အကောင်းဆုံးယှဉ်ပြိုင်ကစားမည်ဟု လမင်းထွေး ပြောကြား

မနက်ဖြန်ယှဉ်ပြိုင်ရမယ့် ISPE အသင်းနဲ့ ပွဲစဉ်မှာ ပြိုင်ဖက်အသင်းကို အထင်မသေးဘဲ အကောင်းဆုံးယှဉ်ပြိုင် ကစားသွားမည်ဟု ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုး လမင်းထွေးက ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၆)တွင် ISPE အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ တွေ့ဆုံနေပြီး အဆိုပါ ပွဲစဉ်ကို ဇူလိုင်လ ၃၁ ရက်နေ့၊ ညနေ ၃:၀၀ နာရီအချိန်၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါပွဲစဉ်နဲ့ ပတ်သတ်ပြီး လမင်းထွေးက “ပြိုင်ဖက်အသင်းက လုပ်အားနှုန်းလည်း ကောင်းတယ်၊ စည်းစည်းလုံးလုံးနဲ့ ကစားအားရှိတဲ့ အသင်းဆိုတော့ အထင်မသေးဘဲ အကောင်းဆုံးကစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။
ထို့အပြင် လမင်းထွေးက ပရိသတ်များကို “ကျွန်တော်တို့အသင်းလည်း စည်းစည်းလုံးလုံးနဲ့ အာရုံစိုက်ပြီး အနိုင်ရရှိအောင် ကြိုးစားသွားပါမယ်” လို့ ထပ်မံပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် (၅)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်တွင် ၄ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၂)နေရာတွင် ရပ်တည်နေပြီး ISPE အသင်းကတော့ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၇ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၇)နေရာတွေ ရပ်တည်နေသည်။