Covid-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်းများ ရန်ကုန်ယူနိုက်တက်အသင်းလှုဒါန်း

Covid-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်းများ ရန်ကုန်ယူနိုက်တက်အသင်းလှုဒါန်း

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် Covid-19 ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ယနေ့မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇနှင့် အသင်းတာဝန်ရှိသူများ သွားရောက်လှုဒါန်းခဲ့ကြသည်။

Covid-19 ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် အလှုငွေ ကျပ်သိန်း (၁၆၀) နှင့် ညီမျှသော Air-con (၄၀)လုံး၊ PPE (၂၀၀) စုံ နှင့် Mask (၃၀၀) တို့ကို ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ဦးပြည့်ဖြိုးတေဇနှင့် အုပ်ချုပ်/နည်းပြ၊ ကစားသမား က လှုဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံခဲ့သည်။

ယခုလှုဒါန်းမှုတွင် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ မှဦးဆောင်၍ ရန်ကုန်ယူနိုက်တက်အသင်း အုပ်ချုပ်/ နည်းပြ နှင့် ကစားသမားတို့၏ လစာငွေများမှ စုပေါင်းလှုဒါန်းကြခြင်းဖြစ်ပါသည်။