Covid-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် အလှုငွေကျပ် ဆယ်သိန်းနှင့် Royal-D သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်များ ရန်ကုန်ယူနိုက်တက်အသင်းလှုဒါန်း

Covid-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် အလှုငွေကျပ် ဆယ်သိန်းနှင့် Royal-D သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်များ ရန်ကုန်ယူနိုက်တက်အသင်းလှုဒါန်း

ရန်ကုန်ယူနိုက်တက်အသင်းသည် Covid-19 ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ရဲမွန်ယာယီကုသရေးစင်တာအတွက် လှုဒါန်းငွေနှင့် ပစ္စည်းများကို ယနေ့မနက်ပိုင်းက ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူများသွားရောက်လှုဒါန်းခဲ့ကြသည်။

Covid-19 ကူးစက်ရောဂါပိုးတွေ့လူနာများအား စောင့်ကြပ်ကြည့်ရှုကုသ‌ပေးနေသည့် အမှတ်(၁) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း(ရဲမွန်) ယာယီကုသရေးစင်တာသို့ ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှုငွေကျပ် ဆယ်သိန်းနှင့်အတူ ဆယ့်ခြောက်သိန်းငါးသောင်း တန်ဖိုးရှိ Royal-D သီးစုံဓာတ်ဆား အားဖြည့်ဖျော်ရည် ၃၀၀ ကဒ်တို့ကို ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇ နှင့် အသင်းမိသားစုများ က လှုဒါန်းခဲ့ရာ ကုသရေးစင်တာတာဝန်ရှိသူက လက်ခံခဲ့ပြီး လှုဒါန်းမှုအတွက် ကျေးဇူးတင်စကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် ဘောလုံးနှင့် အထောက်အကူ ပစ္စည်းများကို အဆိုပါသင်တန်းကျောင်းသို့ ဆက်လက်လှုဒါန်းခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ယခုလိုကာလတွင်လှုဒါန်းမှုများပြုလုပ်ရသည့် အတွက် ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။