Covid-19 ကာကွယ်ဆေးအား ဝန်ထမ်းများကိုထိုးနှံပေးခြင်း

Covid-19 ကာကွယ်ဆေးအား ဝန်ထမ်းများကိုထိုးနှံပေးခြင်း

ဝန်ထမ်းများ၏ ကျန်းမာရေးကိုအထူးအလေးထားသည့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် Covid-19 ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နှင့် ကျန်းမာရေးဝန်ကြီးတို့၏ လမ်းညွှန်ချက်နှင့်အညီ Covid-19 ကာကွယ်ဆေးထိုးနှံခြင်းကို ပထမအကြိမ်အဖြစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ်ဆေးထိုးခြင်းအဖြစ် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်ယူနိုက်တက်ဘောလုံးကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ယခုဆေးထိုးနှံခြင်းအစီအစဉ်ကို AGD Bank နှင့်အတူ အာရှတော်ဝင်ဆေးရုံတို့က မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။