၂၀၂၄-၂၅ ရာသီ ရန်ကုန်ယူနိုက်တက်အသင်းဂျာစီမိတ်ဆက်ပွဲနှင့် စပွန်ဆာကုမ္ပဏီများမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

၂၀၂၄-၂၅ ရာသီ ရန်ကုန်ယူနိုက်တက်အသင်းဂျာစီမိတ်ဆက်ပွဲနှင့် စပွန်ဆာကုမ္ပဏီများမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

၂၀၂၄-၂၅ ရာသီ ရန်ကုန်ယူနိုက်တက်အသင်းဂျာစီမိတ်ဆက်ပွဲနှင့် စပွန်ဆာကုမ္ပဏီများမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ညနေက Yangon United Sports Complex တွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ Htoo Group of Companies မှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် နှင့် တာဝန်ရှိသူများ၊ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ ဖိတ်ကြားထားသောစပွန်ဆာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အသင်းပရိသတ်များ၊ နည်းပြအုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ကစားသမားများတက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်ယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး က ဂျာစီမိတ်ဆက်ပွဲနှင့် စပွန်ဆာကုမ္ပဏီများမိတ်ဆက်ပွဲပြုလုပ်ရသည့်အကြောင်းအရင်းများကိုရှင်းလင်းပြောကြားခဲ့ပြီး ကူညီပံ့ပိုးကူညီပေးကြသည့်အတွက် ကုမ္ပဏီများကိုကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် က ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဝမ်းသာပီတိစကားပြောကြားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း Main Sponsor- AGD Bank မှ Head of Corporate Banking ဒေါ်ထက်အိဖြူက ပံ့ပိုးကူညီပေးရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် Kit Sponsor Glory Sport မှ မန်းနေးဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးဦး မှ ပံ့ပိုးကူညီဖြစ်ခဲ့သည့် အကြောင်းအရင်းနှင့်ဂျာစီဖြစ်မြောက်ရေးအတွက် အားစိုက်ကြိုးပမ်းခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး နောက် ၂၀၂၄-၂၅ ဂျာစီများကို စတင်မိတ်ဆက်ခဲ့သည်။
ကစားသမားများဝတ်စုံကို ဟိန်းဇေယျာလင်း၊ ကျော်ဖြိုးဝေ၊ ဆန်းဆက်နိုင်၊ သူရကျော်၊ ရန်နိုင်ဦး၊ ဒေးဗစ်ထန်း တို့ဝတ်ဆင်ပြသခဲ့ပြီး ပိုလိုဝတ်စုံများကို ခင်မောင်လွင် နှင့် ရန်အောင်ကျော်တို့က ဝတ်ဆင်ပြသခဲ့သည်။
ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် Mr.Frank Bernhardt ကမိတ်ဆက်စကား ပြောကြားခဲ့ပြီး ယခုနှစ်တွင် ရောက်ရှိလာသည့် ကစားသမားသစ်များကို ပရိသတ်ရှေ့မှောက်ထံ ပြသခဲ့သည်။
ဆက်လက်ပြီး ပံ့ပိုးကူညီပေးကြသည့် စပွန်ဆာကုမ္ပဏီများ၏ကြော်ငြာများ ပြသတင်ဆက်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ်ဦးရာဇာထွေးက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် နှင့် ပံ့ပိုးကူညီပေးကြသည့် ကုမ္ပဏီများကို အမှတ်တရဂျာစီလက်ဆောင်များပေးအပ်ခဲ့ပြီးနောက် တေးသီချင်းများနှင့် အဆိုတော်များက ဖျော်ဖြေပေးကြပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။