၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း ကွာတားအဆင့်မှ ယှဉ်ပြိုင်မည်

၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း ကွာတားအဆင့်မှ ယှဉ်ပြိုင်မည်

၂၀၂၀ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားကို ယနေ့နေ့လယ် ၂ နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ၂၀၁၉ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ကွာတားဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အခမ်းအနားသို့ ရန်ကုန်ယူနိုက်တက်အသင်းမန်နေဂျာ ဦးမြင့်သိန်း၊ အသင်းနည်းပြချုပ် ဦးတင်မောင်ထွန်း နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး လက်ရှိ ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းသည် ပွဲစဉ် ၁၇ တွင် အနိုင်ရရှိသည့်အသင်း (ရခိုင်ယူနိုက်တက်အသင်း (သို့မဟုတ်) ပွဲစဉ်-၁၂ တွင်အနိုင်ရရှိသည့်အသင်း) နှင့် ကွာတားဖိုင်နယ် အဆင့်မှ စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲသို့ ၄ နှစ်ဆက်တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းကို ၂-၁ နှင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် ရှမ်းယူနိုက်တက်အသင်းကို ၄-၃ ဂိုးဖြင့်လည်းကောင်းအနိုင်ရရှိခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း နှစ်နှစ်ဆက်ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးထားခဲ့သည်။