အသင်းပုံစံကောင်းကို ဆက်လက်ထိန်းပြီး အနိုင်ရရှိအောင်ပြင်ဆင်ထားသည် ဟု တိုက်စစ်မှုးလမင်းထွေး ပြောကြား

အသင်းပုံစံကောင်းကို ဆက်လက်ထိန်းပြီး အနိုင်ရရှိအောင်ပြင်ဆင်ထားသည် ဟု တိုက်စစ်မှုးလမင်းထွေး ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်းတိုက်စစ်မှုး လမင်းထွေးက အသင်းပုံစံကောင်းကို ဆက်လက်ထိန်းပြီး အနိုင်ရရှိအောင်ပြင်ဆင်ထားသည် ဟု ဧရာဝတီအသင်းနှင့် ပွဲမတိုင်မီတွင်ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ဧရာဝတီယူနိုက်တက်အသင်းနှင့် နိုဝင်ဘာလ ၁၅ ရက်နေ့၊ ညနေ ၃:၃၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
လမင်းထွေးက “လာမယ့်ပွဲကကျွန်တော်တို့အတွက် ၂၀၂၂ မြန်မာနေရှင်နယ် လိဂ်ပွဲစဉ်နောက်ဆုံးပွဲစဉ်လည်း ဖြစ်တယ်။ တစ်ဖက်အသင်းကိုလည်း အထင်မသေးဘဲနဲ့ရလဒ်ကောင်းရအောင် အကောင်းဆုံးယှဉ်ပြိုင်သွားပါမယ်။ လက်ရှိမှာအသင်းရဲ့စွမ်းဆောင်မှုတွေက အရင်ထက်ကိုပိုကောင်းလာပါတယ်။” ဟု ပွဲကြိုပြင်ဆင်မှုနှင့် ပတ်သက်ပြီးပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင် ဧရာဝတီအသင်းက ရန်ကုန်အသင်းကို ၃-၀ ဖြင့်အနိုင်ရရှိခဲ့သည်။
“ဒီနှစ်ရာသီတစ်လျှောက် အားပေးခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ၂၀၂၂ ဘောလုံးရာသီအတွက်နောက်ဆုံးပွဲစဉ်ကို ပရိသတ်တွေလည်း ဆက်ဆက်အားပေး ကြည့်ရှုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပရိသတ်တွေအတွက် ကျွန်တော်တို့ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားပါမယ်” ဟု လူငယ်တိုက်စစ်မှုး လမင်းထွေး က ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၇ ပွဲကစား၊ ၁၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၈ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီးရရှိထားပြီး ဧရာဝတီယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၇ ပွဲကစား၊ ၈ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၆ ပွဲရှုံး၊ ရမှတ် ၂၇ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။