သူရိန်စိုး က ပြင်ဆင်ချိန်နည်းသော်လည်း အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်မည်ဟုပြောကြား

သူရိန်စိုး က ပြင်ဆင်ချိန်နည်းသော်လည်း အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်မည်ဟုပြောကြား

ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းကစားသမား သူရိန်စိုး က ပြင်ဆင်ချိန်နည်းသော်လည်း အကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်သွားပါမယ် ဟု ပြောကြားခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နှင့် ဧရာဝတီယူနိုက်တက်အသင်း တို့၏ ပွဲစဉ်ကို စက်တင်ဘာ ၂၇ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

“ဘောလုံးမှာက အမြဲတမ်းကောင်းနေတယ်တော့ မရှိပါဘူး။ ပြီးခဲ့တဲ့ပွဲမှာလည်း ကျွန်တော်တို့တွေ အာရုံစိုက်မှုအနည်းငယ်လျော့ခဲ့ပါတယ်။ အဲ့ဒါတွေကို ပြင်ဆင်ပြီး တစ်ဖက်အသင်းကို ယှဉ်ပြိုင်သွားပါမယ်။” ဟု ၄င်း က ဆိုသည်။

ပထမအကျော့တွေ့ဆုံမှုတွင် ဧရာဝတီအသင်းက ၄င်းတို့အိမ်ကွင်းတွင် ၁-၀ ဂိုးဖြင့် ရန်ကုန်အသင်းကို အနိုင်ရရှိခဲ့သည်။

ပြိုင်ဘက်အသင်းနှင့် ပတ်သက်၍ ၄င်း က“ဧရာဝတီအသင်းက ဒီနှစ်မှာအတော်လေးကောင်းပါတယ်။ ပြီးခဲ့တဲ့ ရှမ်းနဲ့ပွဲမှာ သူတို့ရှုံးခဲ့တဲ့အတွက် ရန်ကုန်အသင်းနဲ့ တွေ့မယ့်ပွဲမှာ အနိုင်ရဖို့ပြင်ဆင်လာမှာပါ။ ကျွန်တော်တို့အသင်းကလည်း သူတို့အသင်းကို အကောင်းဆုံး တုန့်ပြန်ကစားပြီး ရလဒ်တစ်ခုရရှိအောင် ယှဉ်ပြိုင်သွားမှာပါ။” ဟု သုံးသပ်ခဲ့သည်။

“နှစ်ပွဲဆက်ဂိုးမပေးရတဲ့အတွက် ကျေနပ်ပါတယ်။ ဒါကလည်း တစ်သင်းလုံးကောင်းလို့ ဂိုးမပေးရတာပါ။ ဒါကိုဆက်ထိန်းပြီး လာမယ့်ပွဲတွေကို ယှဉ်ပြိုင်သွားပါမယ်။ ပရိသတ်တွေလည်း ဆက်လက်အားပေးကြပါဦး လို့ပြောချင်ပါတယ်။” ဟု သူရိန်စိုး က ဆိုခဲ့သည်။

ပွဲစဉ် ၁၆ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အဆင့် ၄ နေရာတွင် ၉ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၁ မှတ် ရရှိထားပြီး ဧရာဝတီယူနိုက်တက်အသင်းက အဆင့် ၂ နေရာတွင် ၁၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၃၉ မှတ်ရရှိထားသည်။