ရန်ကုန်ယူနိုက်တက်အသင်းနှင့် JJ Express Co.,Ltd တို့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် Official Transportation Partner စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် JJ Express Co.,Ltd တို့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် Official Transportation Partner စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် JJ Express Co.,Ltd တို့၏ Official Transportation Partner စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက Yangon United Sports Complex တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ JJ Express Co.Ltd မှ Board of Director ဒေါ်မျိုးအိခိုင် နှင့်တာဝန်ရှိသူများ၊ ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူများတက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ JJ Express Co.,Ltd မှ Board of Director ဒေါ်မျိုးအိခိုင် က “JJ Express Co.Ltd အနေနဲ့ အားကစားနဲ့ပတ်သက်ပြီး ပထမဆုံးရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းကို ကူညီပံ့ပိုးပေးတာဖြစ်ပါတယ်။ အခုလိုလက်တွဲလုပ်ဆောင်ပေးတဲ့ ရန်ကုန်ယူနိုက်တက်အသင်းကိုလည်း JJ Express Co.Ltd ကနေပြီး ကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။ နောက်ပိုင်းမှာလည်း ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ လက်တွဲလုပ်ဆောင်ပြီး အောင်မြင်မှုတွေရရှိအောင်လုပ်ဆောင်သွားချင်ပါတယ်” ဟု ဆိုခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး က ရန်ကုန်ယူနိုက်တက် အသင်း၏ Official Transportation Partner အဖြစ် ပူးပေါင်းပါဝင်ကူညီပံ့ပိုးပေးတဲ့ JJ Express Co.,Ltd က တာဝန်ရှိသူများအားလုံးကို ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဌ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ အသင်းအနေနှင့်လည်း JJ Express Co.,Ltd နဲ့အတူပူးပေါင်းပါဝင်လုပ်ဆောင်လို့ရတွေကို အတူပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း နှင့် JJ Express Co.,Ltd လည်း ဒီထက်မကအောင်မြင်မှုတွေ ရရှိပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်သဘောတူစာချုပ် အပြန်အလှန်ရေးထိုးခဲ့ကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။