ရန်ကုန်ယူနိုက်တက်အသင်း၏ 2024-2025 Main Sponsorship အဖြစ် Asia Green Development Bank (AGD Bank) နှင့် စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း၏ 2024-2025 Main Sponsorship အဖြစ် Asia Green Development Bank (AGD Bank) နှင့် စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၄-၂၀၂၅ Official Main Sponsor အဖြစ် Asia Green Development Bank (AGD Bank) နှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက Yangon United Sports Complex တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ Asia Green Development Bank (AGD Bank) မှ Deputy Managing Director ဦးဝေလင်းဦး နှင့် တာဝန်ရှိသူများ၊ ရန်ကုန် ယူနိုက်တက်အသင်းမှ နည်းပြများနှင့် ကစားသမား တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ Asian Green Development Bank (AGD) မှ Deputy Managing Director ဦးဝေလင်းဦး က “နှစ်စဥ် နှစ်တိုင်း ပံ့ပိုးကူညီပေးနေကြဖြစ်သလို ယခုနှစ်မှာလည်း ထပ်မံပံ့ပိုးကူညီပေးခြင်းဖြစ်ပါတယ်။ AGD Bank နဲ့ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းဆိုတာ အမြဲတမ်းအတူ ရှိနေမှာဖြစ်ပါတယ်။ နောက်နှစ်တွေများမှာလည်း ပံ့ပိုးကူညီပေးသူအဖြစ် ဆက်လက်ရှိနေပေးပါမယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက ရန်ကုန်ယူနိုက်တက် အသင်းကို အမြဲကူညီပံ့ပိုးပေးသည့်အတွက် AGD Bank ကို ကျေးဇူးအထူးပင်တင်ရှိကြောင်း၊ အသင်းဘက်မှလည်း AGD Bank နှင့် ပတ်သတ်ပြီး လုပ်ဆောင်ပေးလို့ရတဲ့ အရာအားလုံးကို ပြန်လည်ကူညီပေးဖို့ အသင့်ဖြစ်ပါကြောင်း၊ ယခုလို နှစ်စဥ် ပံ့ပိုးကူညီပေးသည့်အတွက် AGD Bank မှ တာဝန်ရှိသူများကို အသင်းဥက္ကဌကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်သဘောတူစာချုပ်တွင်လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပြီး တက်ရောက်လာသူများအားလုံး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။