ရန်ကုန်ယူနိုက်တက်အသင်းနှင့် First National Insurance (General) Co.,Ltd တို့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် Co-sponsorship စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် First National Insurance (General) Co.,Ltd တို့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် Co-sponsorship စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် First National Insurance (General) Co.,Ltd တို့၏ Co-sponsorship စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Yangon United Sports Complex တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ First National Insurance (General) Co.,Ltd မှ အမှုဆောင်အရာရှိချုပ် Mr.Indren Stephen Naidoo နှင့်တာဝန်ရှိသူများ၊ ရန်ကုန်ယူနိုက်တက်အသင်းတာဝန်ရှိသူများ၊ နည်းပြများနှင့် ကစားသမားများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ First National Insurance (General) Co.,Ltd မှ အမှုဆောင်အရာရှိချုပ် Mr.Indren Stephen Naidoo က “First National Insurance (General) Co.,Ltd အနေနဲ့ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းကို ကူညီပံ့ပိုးပေးရတဲ့အတွက် တကယ်ကိုဂုဏ်ယူပါတယ်။ လာမယ့်ရာသီအတွက်လည်း တကယ်ကို စိတ်လှုပ်ရှား နေပါပြီ။ အသင်းလည်း ဒီထက်မကပိုမိုအောင်မြင်ပြီး ချန်ပီယံဆုကြီးပိုင်ဆိုင်နိုင်စေဖို့ဆုတောင်းပေးပါတယ်” ဟု ဆိုခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး က First National Insurance (General) Co.,Ltd က နှစ်စဉ်ပံ့ပိုးကူညီပေးခဲ့သည့်အပြင် ယခုနှစ်တွင်လည်း ပံ့ပိုးကူညီပေးသည့်အတွက် အသင်းဥက္ကဌကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ အသင်းအနေနဲ့လည်း ပြန်လည်ကူညီပေးရမည်များရှိရင်လည်း ကူညီပေးမည်ဖြစ်ကြောင်း၊ First National Insurance (General) Co.,Ltd လည်း ဒီထက်မကအောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်သဘောတူစာချုပ် အပြန်အလှန်ရေးထိုးခဲ့ကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။