ရန်ကုန်ယူနိုက်တက်အသင်း 2024-2025 Official Drinking Water Sponsor အဖြစ် Myanmar Max Water Co.,Ltd နှင့် စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း 2024-2025 Official Drinking Water Sponsor အဖြစ် Myanmar Max Water Co.,Ltd နှင့် စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း၏ 2024-2025 Official Drinking Water Sponsor အဖြစ် Myanmar Max Water Co.,Ltd နှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့နေ့လည်က Yangon United Sports Complex တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ်ဦးရာဇာထွေး၊ Myanmar Max Water Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်လျိုအမ်ဟွေ့၊ တာဝန်ရှိသူများ၊ နည်းပြနှင့် ကစားသမားများတက်ရောက်ခဲ့ ကြသည်။
ပထမဦးစွာ Myanmar Max Water Co.,Ltd မှ Managing Director လျိုအမ်ဟွေ့ က ၂၀၁၉ မှာ Myanmar Max Water ကို စတင်ထုတ်လုပ်ခဲ့ပြီး အဆင့်မြင့်နည်းပညာနဲ့ အရည်အသွေးပြည့်မီတဲ့ ရေသန့်ကို ပရိသတ်များ သိရှိစေချင်ပါကြောင်း၊ မြန်မာနိုင်ငံမှာ အထင်ကရကလပ်အသင်းတစ်သင်း ဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို ကူညီပံ့ပိုးခွင့်ရတဲ့အတွက်ဝမ်းသာပါကြောင်း၊ နှစ်ဦးနှစ်ဖက်အကျိုးရှိစွာ ရေရှည်လက်တွဲသွားလိုပါကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး က ယခုလို ပံ့ပိုးကူညီမှုအတွက် ကျေးဇူးအထူးပင်တင်ရှိကြောင်း၊ အသင်းအနေဖြင့်လည်း ပြန်လည်ကူညီပေးဖို့ အသင့် ရှိပါကြောင်း၊ရန်ကုန်ယူနိုက်တက်နှင့် ရေရှည်လက်တွဲသွားနိုင်ဖို့အတွက်လည်း ဆန္ဒပြုပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။