ရန်ကုန်ယူနိုက်တက်အသင်း 2024-25 Official Hotel Partner အဖြစ် Htoo Hospitality နှင့် စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း 2024-25 Official Hotel Partner အဖြစ် Htoo Hospitality နှင့် စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း၏ 2024-25 Official Hotel Partner အဖြစ် Htoo Hospitality နှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့နေ့လည်က Yangon United Sports Complex တွင် ကျင်းပခဲ့သည်။
ပထမဦးစွာ Htoo Hospitality မှ Deputy Managing Director ဦးမြတ်မင်းဇင် က နှစ်စဥ်နှစ်တိုင်း ရန်ကုန်ယူနိုက်တက် အသင်းက ကစားသမားတွေအတွက် ပံ့ပိုးကူညီခဲ့သလို ယခုနှစ်မှာလည်း အဆင်ပြေစွာ ပြိုင်ပွဲယှဥ်ပြိုင်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့မှုကောင်း၊ အုပ်ချုပ်မှုကောင်း မှ အသင်း အောင်မြင်မှုရရှိနိုင်မှာ ဖြစ်ကြောင်း နှင့် ယခုနှစ်မှာလည်း အကောင်းဆုံးကူညီပံ့ပိုးမှုနဲ့အတူ အောင်မြင်မှုတွေ ရရှိပါစေ‌ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး က “ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်စဥ် ပံ့ပိုးကူညီသည့်အတွက် ကျေးဇူးတင်ပါတယ်၊ အသင်းဘက်မှလည်း လိုအပ်သလို ပြန်လည်ကူညီပေးဖို့ အသင့်ပါပဲ၊ ယခုလို အသင်းရဲ့ လိုအပ်ချက်များကို အခက်အခဲမရှိအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ရှိ ပါကြောင်းနဲ့ အောင်မြင်မှုရရှိဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း” ပြောကြားရင်းကျေးဇူးတင်စကားဆိုခဲ့သည်။
ထို့နောက် စာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်းဖြင့် အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။