ရန်ကုန်ယူနိုက်တက်အသင်း ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် လေ့ကျင့်မှုအစီအစဉ်များစတင်

ရန်ကုန်ယူနိုက်တက်အသင်း ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် လေ့ကျင့်မှုအစီအစဉ်များစတင်

ရန်ကုန်ယူနိုက်တက်အသင်းသည်၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ညနေ ၄:၀၀ နာရီ၊ Yangon United Sports Complex တွင် စတင်ပြုလုပ်ခဲ့သည်။
နည်းပြချုပ် ဂတ်ဇီ သည် လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး လက်ရှိလေ့ကျင့်ပြင်ဆင်မှုများကို လက်ထောက်နည်းပြများဖြင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ လေ့ကျင့်ရေး အစီအစဉ်ကို ကစားသမား ၂၁ ဦးနှင့်စတင်ခဲ့ပြီး အဆိုပါ ၂၁ ဦးတွင် မကြာသေးမီက ခေါ်ယူထားသည့် ကစားသမားသစ်များနှင့် အသင်းတွင်ရှိနေသည့်ကစားသမားများပါဝင်ခဲ့ကြသည်။
ထပ်မံခေါ်ယူအားဖြည့်ထားသည့် ကစားသမားများအသစ်များလည်း အသင်းနှင့်အတူ ပျော်ရွှင်စွာလေ့ကျင့်မှုများ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ကစားသမားထပ်မံခေါ်ယူမှုများနှင့် အပြီးသတ်ကစားသမားစာရင်းကို ဆက်လက်ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်ပါသည်။