ရန်ကုန်ယူနိုက်တက်အသင်းယာယီနည်းပြချုပ်အဖြစ်ဦးကျော်ဒွန်း တာဝန်ယူသွားမည်

ရန်ကုန်ယူနိုက်တက်အသင်းယာယီနည်းပြချုပ်အဖြစ်ဦးကျော်ဒွန်း တာဝန်ယူသွားမည်

ရန်ကုန်ယူနိုက်တက်အသင်းသည် နည်းပြချုပ်ဦးမင်းထွန်းလင်းနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် ယာယီနည်းပြချုပ်အဖြစ် လက်ထောက်နည်းပြ ဦးကျော်ဒွန်းက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ဦးကျော်ဒွန်းသည် ရန်ကုန်ယူနိုက်တက်အသင်းတွင်ကစားသမားအဖြစ် ၂၀၀၉ ခုနှစ်မှစတင်ကာ ၂၀၁၄ ခုနှစ်အထိကစားခဲ့ပြီး အသင်းနှင့်အတူ အောင်မြင်မှုဖလားများရရှိအောင်စွမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့နောက် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းတွင် လက်ထောက်နည်းပြ၊ နည်းပြချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့နောက် ၂၀၂၀ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အကြီးအသင်းသို့ လက်ထောက်နည်းပြအဖြစ် ရောက်ရှိလာခဲ့သူတစ်ဦးဖြစ်သည်။
ဦးကျော်ဒွန်းက “ခုလိုခန့်အပ်ခြင်းခံရတဲ့ဝမ်းသာမိပါတယ်။ ဒါကလည်းနည်းပြဆရာတိုင်းရဲ့အိမ်မက်ပါပဲ။ အသင်းအတွက်အကောင်းဆုံးကြိုးစားသွားပါမယ်” ဟု ဝမ်းသာပီတိစကားဆိုခဲ့သည်။