ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇ ၏ နှစ်သစ်ဆုတောင်းစကား

ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇ ၏ နှစ်သစ်ဆုတောင်းစကား

မင်္ဂလာပါ…
ပျော်ရွှင်စရာမြန်မာနှစ်သစ်ကူးအခါသမယဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခင်နှစ်တွေနဲ့မတူဘဲ မိမိတို့အိမ်မှာသာ ကျော်ဖြတ်ရတဲ့ သင်္ကြန်ချိန်ခါဖြစ်ခဲ့ပေမယ့် မြန်မာတို့ရဲ့ နှစ်သစ်ကူးအတာ သင်္ကြန် ပျော်ရွှင်မှု၊ ချစ်ခင်နှစ်သက်မှုတွေကို ဖျောက်ဖျက်လို့မရခဲ့ပါဘူး။ သင်္ကြန်ဆိုတာကတော့

နှစ်ဟောင်း က အညစ်အကြေးတွေကို အတာရေနဲ့အတူ ဆေးကြောပြီး နှစ်သစ်ကူးပြောင်းကြတဲ့အချိန်ကာလကိုခေါ်ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့နှစ်သစ်ကူးအချိန်အခါမှာ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ပရိသတ်များနှင့်တကွ နိုင်ငံသူနိုင်ငံသားအားလုံးပဲ ကိုယ်စိတ်နှလုံးရွှင်ပြုံးချမ်းသာပြီး ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ဖြစ်ပေါ်နေချိန်မှာ ရန်ကုန်ယူနိုက်တက်အသင်း အနေနဲ့ လိုအပ် တဲ့ဆောင်ရွက်ချက်မှုများကို ပြုလုပ်လျက်ရှိပြီး ပရိသတ်တွေဘောလုံးပွဲတွေကို ပြန်လည်ကြည့်ရှုခံစားနိုင်ဖို့အတွက် ဒီကမ္ဘာ့ကပ်ရောဂါကြီးကို တိုက်ထုတ်ရာမှ အားလုံးနဲ့အတူ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါတယ်။ ပရိသတ်တွေရဲ့ လုံခြုံစိတ်ချမှုရှိရေးနဲ့ ကစားသမားများ၊ ဝန်ထမ်းများ၊ ဘောလုံးအသိုင်းအဝိုင်းမှာရှိကြတဲ့သူများရဲ့ ဘေးအန္တရာယ်ကင်းရေးကို အလေးထားလျက် COVID-19 ရောဂါပျံ့နှံ့မှုများကို အားလုံးနဲ့ လက်တွဲပြီး ထိန်းချုပ်သွားမှာဖြစ်တဲ့အပြင် ဘောလုံးပွဲများပြန်လည်သက်ဝင်လာစေဖို့ တစ်ဖက်တစ်လမ်းကနေ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ တွေအားလုံး ပူးပေါင်းဆောင်ရွက်ပြီး ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ရောဂါကူးစက်ပျံ့ပွားမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အတူတကွဖြတ်ကျော်ရင်း နှစ်သစ်မှာ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိကြပါစေ။ ရန်ကုန်ယူနိုက်တက်အသင်း ပိုင်ရှင်၊ ဥက္ကဌနှင့် အသင်းတာဝန်ရှိသူများက အသင်းရဲ့ ပရိသတ်များ၊ မိသားစုဝင်များ နှင့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကပ်ရောဂါဆိုးကြီးမှ ကင်းဝေးပြီး ကျန်းမာကြပါစေေကြာင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဦးပြည့်ဖြိုးတေဇ
ဥက္ကဌ
ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း