ရန်ကုန်ယူနိုက်တက်အသင်းနှင့် Aureum Palace Hotels & Resorts တို့ Sponsorship သဘောတူစာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းနှင့် Aureum Palace Hotels & Resorts တို့ Sponsorship သဘောတူစာချုပ်ချုပ်ဆို

၂၀၂၁ ဘောလုံးရာသီ အသင်းတည်းခိုနေထိုင်ရေးအတွက် ပံ့ပိုးကူညီပေးမည့် Aureum Palace Hotels & Resorts နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ Sponsorship သဘောတူစာချုပ်ချုပ်ဆိုမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်ယူနိုက်တက်အသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ Htoo Hospitality မှ Deputy Managing Director ဦးမြတ်မင်းဇင်၊ အသင်းတာဝန်ရှိသူများနှင့် ကစားသမားများတက်ရောက်ခဲ့သည်။
ယခုလို Aureum Palace Hotels & Resorts မှ ပံ့ပိုးကူညီပေးမှုအတွက် ဝမ်းသာ ပိတီစကားကို CEO ဦးရာဇာထွေး က “ရန်ကုန်ယူနိုက်တက်အသင်းရဲ့ အဝေးကွင်းပွဲစဉ်တွေသွားတဲ့အခါမှာ Aureum Palace Hotel ကနေပြီး တည်းခိုဖို့အတွက် ဟိုတယ်ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ Aureum Palace Hotels & Resorts အနေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို ယခုလိုကူညီ‌ပေးမှုအတွက် ရန်ကုန်ယူနိုက်တက်အသင်း ဥက္ကဌ ကိုယ်စား အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။” ဟု ပြောကြားခဲ့သည်။

ပူတာအို၊ အင်းလေး၊ ငွေဆောင်၊ ပုဂံ၊ ပုပ္ပါး၊ ပြင်ဦးလွင်၊ နေပြည်တော် နှင့် ငပလီ တို့တွင်တည်ရှိသည့် Aureum Palace Hotels & Resorts သည် ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၁ ဘောလုံးရာသီ အဝေးကွင်းပွဲစဉ်များနှင့် အသင်းလှုပ်ရှားမှုခရီးစဉ်များအတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။