ရခိုင်ယူနိုက်တက်အသင်းနှင့် ပွဲစဉ်ကိုအကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကစားမည်ဟု ဇော်ဝင်းသိန်းဆို

ရခိုင်ယူနိုက်တက်အသင်းနှင့် ပွဲစဉ်ကိုအကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကစားမည်ဟု ဇော်ဝင်းသိန်းဆို

မနက်ဖြန်ယှဉ်ပြိုင်ကစားရမည့် ရခိုင်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်တွင် အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ကစားသွား မည်ဟု ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူ ဇော်ဝင်းသိန်းက ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းသည် ရခိုင်ယူနိုက်တက်အသင်းနှင့် လာမည့် ဇူလိုင်လ(၁၄) ရက်၊ ညနေ ၃:၀၀ နာရီအချိန်၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
အဆိုပါပွဲစဉ်နဲ့ ပတ်သတ်ပြီး ကွင်းလယ်လူဇော်ဝင်းသိန်းက “ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ဖက်အသင်းကို အထင်မသေးဘဲ ယခင်ပွဲစဉ်တွေကလို သေချာပြင်ဆင်ပြီး အကောင်းဆုံးကစားသွားမှာပါ” ဟု ပွဲကြိုပြင်ဆင်မှုကို ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့တဲ့ ပွဲစဉ်(၂)ပွဲစလုံး အနိုင်ရရှိထားခဲ့ပြီး ပြိုင်ဖက် ရခိုင်ယူနိုက်တက် အသင်းသည် (၂) ပွဲစလုံး ရှုံးနိမ့်ထားခဲ့သည်။
ထို့အပြင် ဇော်ဝင်းသိန်းက “ရှေ့ပွဲတွေမှာ အနိုင်ရရှိထားသလို နောက်ပွဲတွေမှာလည်း ဆက်တိုက်အနိုင်ရရှိအောင် ထပ်ကြိုးစားသွားမှာပါ”ဟု ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ပွဲစဉ် ၂ ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ ၂ ပွဲနိုင်၊ ရဂိုး ၄ ဂိုး နှင့် အမှတ်ပေးဇယား အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ရခိုင်ယူနိုက်တက်အသင်းသည် ၂ ပွဲစလုံး ရှုံးနိမ့်ထားကာ ရဂိုး ၁ ဂိုး၊ ပေးဂိုး ၆ ဂိုးနဲ့ အမှတ်ပေး ဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေကြသည်။