ဘာကီနာဖာဆိုနိုင်ငံသား နောက်ခံလူ ဂီရိုယာယာကို တစ်နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းချုပ်ဆိုခေါ်ယူ

ဘာကီနာဖာဆိုနိုင်ငံသား နောက်ခံလူ ဂီရိုယာယာကို တစ်နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်းချုပ်ဆိုခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယမြောက်နိုင်ငံခြားသား ကစားသမားခေါ်ယူမှုအဖြစ် ဘာကီနာဖာဆိုနိုင်ငံသား နောက်ခံလူ ဂီရိုယာယာကို တစ်နှစ်စာချုပ်ဖြင့်ချုပ်ဆိုခေါ်ယူလိုက်ပြီဖြစ်သည်။
အသက် ၂၂ နှင့် အရပ် ၆’၂” လက်မအမြင့်ရှိသည့် ယာယာသည် အက်သလက်တီကိုမက်ဒရစ် ဘောလုံး အကယ်ဒမီတွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ၃ နှစ်ကြာလေ့ကျင့်သင်ကြားခဲ့ပြီး ၂၀၂၂ ခုနှစ်မှစတင်ကာ ပရော်ဖက်ရှင်နယ်ကစားသမား ဘဝကို စပိန်ကလပ် UE Alcudia တွင် စတင်ခဲ့သည်။ ထို့နောက် Club Atletico Teresiano တွင် တစ်နှစ်ကစားခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယာယာက “ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့အတွက် ပျော်ပါတယ်။ တကယ့်အသင်းကောင်းတစ်သင်းဖြစ်တဲ့အပြင် အားလုံးကလည်း ကြိုဆိုကြတယ်။ ကျွန်တော် အသင်းအတွက်လုပ်နိုင်သမျှအားလုံးကို လုပ်ပေးပြီးအောင်မြင်မှုရရှိအောင် အားလုံးနဲ့အတူ ယှဉ်ပြိုင်သွားပါမယ်” ဟု ဆိုခဲ့သည်။