ဖေဖော်ဝါရီလ တစ်လတာအကောင်းဆုံးနည်းပြနှင့် ကစားသမား ဆုတို့ကို ရန်ကုန်ယူနိုက်တက်အသင်းမှ ဆွတ်ခူး

ဖေဖော်ဝါရီလ တစ်လတာအကောင်းဆုံးနည်းပြနှင့် ကစားသမား ဆုတို့ကို ရန်ကုန်ယူနိုက်တက်အသင်းမှ ဆွတ်ခူး

၂၀၂၀ MPT မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ ၏ ဖေဖော်ဝါရီလ တစ်လတာအကောင်းဆုံးနည်းပြနှင့် ကစားသမား ဆုတို့ကို ဧရာဝတီယူနိုက်တက်အသင်း နှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့၏ ပွဲမတိုင်မီတွင် ချီးမြှင့်ခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းမှ နည်းပြချုပ် ဦးတင်မောင်ထွန်း နှင့် ကွင်းလယ်ကစားသမား မောင်မောင်လွင် တို့ ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းသည် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် စစ်ကိုင်းယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် ၂-၀၊ အား/ကာသိပ္ပံအသင်းနှင့်ပွဲစဉ်တွင် ၂-၀၊ ဆောက်သမ်းမြန်မာအသင်းနှင့် ပွဲစဉ်တွင် ၁-၀၊ ရှမ်းယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင် ၂-၂ ရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သည့် နည်းပြဖြစ်ပြီး ကွင်းလယ်ကစားသမား မောင်မောင်လွင် သည် တိုက်စစ်ကို အကောင်းဆုံးပံ့ပိုးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် အား/ကာသိပ္ပံ အသင်းနှင့်ပွဲတွင် သွင်းဂိုး ၁ ဂိုးရရှိထားသူတစ်ဦးဖြစ်သည်။