ပဲခူးတိုင်း ရေဘေးသင့်ပြည်သူများကို ရန်ကုန်ယူနိုက်တက်အသင်း အလှူငွေ ပေးအပ်

ပဲခူးတိုင်း ရေဘေးသင့်ပြည်သူများကို ရန်ကုန်ယူနိုက်တက်အသင်း အလှူငွေ ပေးအပ်

ပဲခူး တိုင်း ဒေသကြီး၊ ပဲခူး ခရိုင် အတွင်း ရေဘေး သင့် အိမ်ထောင် စု များသို့ ရန်ကုန် ယူနိုက် တက် ဘောလုံး အသင်းက အလှူငွေ ကျပ် သိန်း ၅၀ ကို သြဂုတ် လ ၁၇ ရက် နေ့၊ နံနက် ပိုင်းက ပဲခူး မြို့၊ ဗုဒ္ဓ အသံ ဓမ္မ ဗိမာန် တွင် အခမ်း အနား ဖြင့် လှူဒါန်း ခဲ့သည်။ ၎င်း လှူဒါန်း ပွဲတွင် ရန်ကုန် အသင်း ပိုင်ရှင် ဦးတေဇ ကလည်း မိခင် ၏ အသက် ၈၀ ပြည့် မွေးနေ့ အထိမ်း အမှတ် အဖြစ် ငွေကျပ် သိန်း ၈၀ လှူဒါန်း ခဲ့သလို ထူး ထရေး ဒင်း ကလည်း ငွေကျပ် သိန်း ၅၀ လှူဒါန်း ခဲ့သည်။

၎င်း အလှူ ငွေ ပေးအပ် ပွဲသို့ ရန်ကုန် အသင်း အထွေထွေ မန်နေဂျာ ဦးကျော်လင်း ထွေး နှင့် ကစား သမား များ ဖြစ်သော နိုင်ဇေ ယျာထွန်း၊ ကြည်လင်း တို့ တက်ရောက် ခဲ့သည်။ ရန်ကုန် ယူနိုက် တက် အသင်း ၏ အလှူ ငွေကို ပဲခူး ခရိုင်၊ ခရိုင် အုပ်ချုပ် ရေးမှူး ဦးရဲထွဋ် က လက်ခံ ရယူ ခဲ့သည်။

ယခု အလှူပွဲ မတိုင် ခင်က လည်း ရန်ကုန် အသင်း ကစား သမား များ၊ ပရိသတ် များ ပါဝင် သော စေတနာ ရှင် အဖွဲ့ သည် ပြီးခဲ့သည့် သြဂုတ် လ ၁၃ ရက်နေ့ က ပဲခူး ခရိုင်၊ သနပ် ပင် မြို့နယ် သို့ သွားရောက် လှူဒါန်း ခဲ့သည်။

ရန်ကုန် အသင်းမှ လှူဒါန်း သည့် အလှူ ငွေ အပါ အဝင် အလှူ ပစ္စည်း များကို ပဲခူး ခရိုင် အတွင်းရှိ ရေဘေး သင့် ဒေသ များဖြစ် သော ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါ မြို့နယ် များရှိ ရေဘေး သင့် အိမ်ထောင် စု များသို့ စနစ် တကျ ဖြန့်ေ၀ ပေးသွား မည်ဖြစ် ကြောင်း သိရသည်။

ယခုနှစ် ဇူလိုင် လ နှောင်းပိုင်း နှင့် သြဂုတ် လ ဆန်းပိုင်း တွင် ဖြစ်ပွား ခဲ့သည့် မိုးသည်း ထန်စွာ ရွာသွန်း မှုများ ကြောင့် မြန်မာ နိုင်ငံ တစ်ဝှမ်း ရေကြီး ရေလျှံ မှုများ ဖြစ်ပွား ခဲ့ပြီး ပဲခူး ခရိုင် အတွင်း ရေဘေး သင့် ပြည်သူ များ ၂၅၀၀၀ ကျော်၊ အိမ်ထောင် စုပေါင်း ၅၀၀၀ ကျော် ဘေး ဒုက္ခ သင့် ခဲ့သလို လယ် ဧက ပေါင်း ၁၂၀၀၀၀ ကျော် ရေလွှမ်း ခံခဲ့ရ ကြောင်း ပဲခူး ခရိုင် တာဝန်ရှိ သူများ ၏ ပြောကြား ချက် အရ သိရသည်။