ထူးကုမ္ပဏီများအုပ်စု ဥက္ကဌ နှင့် ရန်ကုန်ယူနိုက်တက်အသင်း ပိုင်ရှင် ဦးတေဇ၏ ၅၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းမှူပြုလုပ်

ထူးကုမ္ပဏီများအုပ်စု ဥက္ကဌ နှင့် ရန်ကုန်ယူနိုက်တက်အသင်း ပိုင်ရှင် ဦးတေဇ၏ ၅၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းမှူပြုလုပ်

ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျရောက်သည့် ထူးကုမ္ပဏီများအုပ်စု ဥက္ကဌ နှင့် ရန်ကုန်ယူနိုက်တက်အသင်း ပိုင်ရှင် ဦးတေဇ၏ ၅၆ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံတို့တွင် နံနက်၊ နေ့လည်၊ ညနေ (တစ်နေ့စာ) အာဟာရဒါနကျွေးမွေးခြင်းနှင့် လိုအပ်သည်များလှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများက လှူဒါန်းမှုအတွက် ဝမ်းသာပီတိစကားဆိုခဲ့၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့အပြင် မနေ့က ပြုလုပ်ခဲ့သည့် အမျိုးသားသွေးလှူဘဏ်၌ပြုလုပ်ခဲ့သည့် သွေးလှူဒါန်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ဝန်ထမ်းများသွားရောက်လှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။