ဂီနီတိုက်စစ်မှုး ဆီလာကို ၁ နှစ်စာချုပ်ချုပ်ဆို

ဂီနီတိုက်စစ်မှုး ဆီလာကို ၁ နှစ်စာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၃ ဘောလုံးရာသီအတွက်တိုက်စစ်အားဖြည့်မှုအဖြစ် ဂီနီတိုက်စစ်မှုး ဆီလာ ကို ၁ နှစ်စာချုပ်ဖြင့် ချုပ်ဆိုလိုက်ပြီဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသို့ တစ်ကျော့ပြန်လည်ရောက်ရှိလာသည့် ဆီလာသည် ရန်ကုန်အသင်းတွင်၂၀၁၈-၂၀၁၉ နှစ်ရာသီကစားခဲ့ပြီး၂၀၁၈ ကွင်းဖွင့်ဖလား၊ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းနှစ်ကြိမ်ဆက်ချန်ပီယံဆုတို့ကိုရရှိအောင် စွမ်းဆောင်ခဲ့နိုင်သည်။ ထို့အပြင် ၂၀၁၈ AFC Cup ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲသို့တက်ရောက်အောင် ခြေစွမ်းပြကစားခဲ့သည့် တိုက်စစ်မှုးတစ်ဦးဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြန်လည်ရောက်ရှိလာသည့်အတွက် ဝမ်းသာပီတိစကားကို ဆီလာက ယခုလို ပြောကြားခဲ့သည်။
“ရန်ကုန်ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိပြီးကစားရတဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ သုံးနှစ်လောက်ကြာသွားတယ်ဆိုတော့ ပရိသတ်တွေကိုလည်း ပြန်တွေ့ချင်ပါတယ်။ အသင်းနဲ့အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ပရိသတ်တွေက ကျွန်တော်ကို ကြိုဆိုကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီနှစ်မှာ အသင်းဖော်တွေနဲ့အတူ အကောင်းဆုံးခြေစွမ်းပြပြီး ဂိုးသွင်းအများဆုံး ကစားသမားတစ်ယောက်ဖြစ်အောင်လည်းကြိုးစားသွားပါမယ်။”