ဂါနာတိုက်စစ်မှုး တပ်တက် ကို ၁ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ

ဂါနာတိုက်စစ်မှုး တပ်တက် ကို ၁ နှစ်စာချုပ်ဖြင့် ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ

၂၀၂၄ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမဆုံး ပြည်ပ ကစားသမားခေါ်ယူမှုအဖြစ် ဂါနာနိုင်ငံသား တိုက်စစ်ကစားသမား ဂျီဒီအွန်တပ်တက် ကို ၁ နှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့သည်။
အသက် ၂၂ အရွယ်ရှိတိုက်စစ်ကစားသမား ဂျီဒီအွန်တပ်တက် သည် အရပ် ၆ ပေရှိသည့် ကစားသမားဖြစ်သောကြောင့် မြင့်မားသည့် အရပ်အမောင်းနှင့် ကွင်းလယ်တိုက်စစ်အားပြုကစားတတ်သူဖြစ်သည်။
ပရော်ဖက်ရှင်နယ်ကစားသမား ဘဝကို ၂၀၂၀ ပြည့်နှစ်တွင် ယူအေအီး ပထမတန်းကလပ် အယ်လ်ဒါဖရာအသင်းနှင့် စတင်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် လက်ဘနွန် ပရီးမီးယားလိဂ်ကလပ် ချာဘက်၊ ထို့နောက် ၂၀၂၃ ခုနှစ်တွင် ဘာရိန်းပရီမီးယားလိဂ် ကလပ် မယ်လ်ကီယာအသင်း တို့တွင် ကစားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာသည်နှင့် ပတ်သတ်ပြီး ဂျီဒီအွန်တပ်တက် က “ဒီကို မပြောင်းလာခင် ကတည်းက ရန်ကုန်ယူနိုက်တက်က မြန်မာပြည်မှာ အသင်းကြီးတစ်သင်းဆိုတာကို သိထားပါတယ်၊ အထောက် အကူ ပစ္စည်းကအစ ဒီမှာ ကျွန်တော့် အတွက် အရာအားလုံးက အဆင်ပြေပါတယ်၊ အသင်းကောင်း တစ်သင်းမှာ ကစားခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်၊ အသင်းနဲ့အတူ အကောင်းဆုံး စွမ်းဆောင်ပြချင်ပါတယ်” ဟု ပြောကြားခဲ့သည်။