ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရန်ကုန်ယူနိုက်တက်အသင်းသို့ ဒုတိယအကြိမ်လာရောက်စစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရန်ကုန်ယူနိုက်တက်အသင်းသို့ ဒုတိယအကြိမ်လာရောက်စစ်ဆေး

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ ပြန်လည်စတင်နိုင်ရန်အတွက် ကြိုတင်စစ်ဆေးခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ တာဝန်ရှိသူများ ရန်ကုန်ယူနိုက်တက်အသင်းသို့ ဒုတိယအကြိမ်လာရောက်စစ်ဆေးခဲ့သည်။

အဆိုပါစစ်ဆေးမှုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများဖြစ်သည့် ရောဂါနှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဒေါ်သန္တာလွင်၊ ကျန်းမာရေးနှင့် အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှုး ဒေါက်တာသန်းနိုင်စိုး၊ ဗဟိုကူးစက်မှုရောဂါနှိမ်နင်းရေးဌာနမှ ညွှန်ကြားရေးမှုး ဒေါက်တာတိုးသီရိအောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော် နှင့် တာဝန်ရှိသူများ တက်ရောက်ပါဝင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးမှ ပထမအကြိမ်စစ်ဆေးမှုတွင် မှာကြားခဲ့သည့်လိုအပ်ချက်များ ဖြည့်စွက်ဆောင်ရွက်ထားသည်တို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တာဝန်ရှိသူများသည် ရောဂါသံသယဖြစ်လာပါက သီးခြားခွဲထားမည့်နေရာသို့လိုက်လံစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာသို့ဆက်လက်တင်ပြကာ အစောဆုံးကျင်းပနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။