၂၀၂၁ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းနှင့် Royal-D သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်တို့ Sponsorship သဘောတူစာချုပ်ချုပ်ဆို

၂၀၂၁ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းနှင့် Royal-D သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်တို့ Sponsorship သဘောတူစာချုပ်ချုပ်ဆို

၂၀၂၁ ဘောလုံးရာသီအတွက် ရန်ကုန်ယူနိုက်တက်အသင်းနှင့် Royal-D သီးစုံဓာတ်ဆားအားဖြည့်ဖျော်ရည်တို့၏ Sponsorship သဘောတူစာချုပ်ချုပ်ဆိုပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်ယူနိုက်တက်အသင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး နှင့် အသင်းတာဝန်ရှိသူများ၊ Myanmar Oasis Company Ltd Royal-D မှ ဒါရိုက်တာဦးဝေလင်း နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး ယခုလိုပံ့ပိုးကူညီပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်အား အပြန်အလှန်လဲလည်ခဲ့ကြသည်။ ထို့နောက် အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး နှင့် ဒါရိုက်တာ ဦးဝေလင်းတို့က ရှေ့ဆက်လက်တွဲလုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။