ဒုတိယမြောက် ခြေစမ်းပွဲတွင် မဟာယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိ

ဒုတိယမြောက် ခြေစမ်းပွဲတွင် မဟာယူနိုက်တက်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိ

၂၀၂၃ မြန်မာနေရှင်နယ်လိဂိပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်း သည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် မဟာယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဥက္ကာနိုင်၊ ဇော်ရဲထွန်းတို့၏ သွင်းဂိုးများနှင့်အတူ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲကစားချိန်ပထမပိုင်းတွင် ဆန်းဆက်နိုင်(ဂိုး)၊ ဟိန်းဇေယျာလင်း၊ ဟာဘီလာ၊ မင်းကျော်ခန့်၊ ဇာနည်ထက်၊ ရန်ကျော်စိုး၊ ရန်လင်းအောင်၊ ဇော်ဝင်းသိန်း၊ စအောင်ပြည့်ကို၊ ကောင်းထက်စိုး၊ ရန်ကျော်ထွေး တို့ဖြင့် ပွဲထွက်ကစားခဲ့ပြီး ဂိုးမရှိသရေ ရလဒ် ထွက်ပေါ်ခဲ့သည်။
ဒုတိယပိုင်းတွင် ဘုန်းသစ္စာမင်း(ဂိုး)၊ ဟိန်းဇေယျာလင်း(ဇော်ရဲထွန်း)၊ ဟာဘီလာ(ကျော်ဖြိုးဝေ)၊ ဇာနည်ထက် (သူရိန်စိုး)၊ ဇင်ကိုထက်၊ ရန်ကျော်စိုး (လှိုင်းဘိုဘို)၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း(သာယာဝင်းထက်)၊ လမင်းထွေး၊ ရန်ကျော်ထွေး(ဆီလာ)၊ ဝင်းနိုင်ထွန်း (ဥက္ကာနိုင်) တို့ ဝင်ရောက်ကစားခဲ့သည်။ ပွဲချိန် ၅၃ မိနစ်တွင် မဟာယူနိုက်တက်အသင်းက အလွတ်တည်ကန်ဘောမှ တဆင့် ခေါင်းတိုက်ပြီး စိုးမင်းနိုင် က ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ပွဲချိန် ၇၇ မိနစ်တွင် ရန်ကုန်ယူနိုက်တက် အသင်းချေပဂိုးရရှိခဲ့ပြီး ဇာနည်ထက် လက်ပစ်ဘောမြှောက်ပေးရာမှ တဆင့် ဥက္ကာနိုင်က ခေါင်းတိုက်ကာ ချေပဂိုး ပြန်လည် သွင်းယူခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း အတွက် အနိုင်ဂိုးကို ပွဲချိန် ၈၄ မိနစ်တွင် အလွတ်တည်ကန်ဘောမှ ဇော်ရဲထွန်းက ခေါင်းတိုက်ပြီး သွင်းယူခဲ့ကာ ပွဲပြီးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက မဟာယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။