Myanmar National League

Myanmar National League

၂၀၁၂ ကတော့ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ဒုတိယမြောက် မြန်မာနေရှင်နယ်လိဂ်ဆုဖလားကို ရရှိခဲ့တဲ့နှစ်ဖြစ်ပါတယ်။ ဒုတိယနေရာက ရှမ်းယူနိုက်တက် (ယခင် ကမ္ဘောဇအသင်း) ကို တစ်မှတ်အသာနဲ့ ချန်ပီယံဆုကို ရရှိခဲ့ပြီး ၁၈ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၆၀ မှတ် ရရှိခဲ့ပါတယ်။ အကြိတ်အနယ်ရှိခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပြီး ရန်ကုန်အသင်းရဲ့ဆုဖလားအိမ်မက်ကို နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ရန်ကုန်အသင်းက ၄-၀ နဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာကြည်လင်းက ၃ ဂိုး၊ ဆီဇာ ၁ ဂိုး သွင်းယူခဲ့ပြီး ၂၀၁၂ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရယူခဲ့ပါတယ်။