Charity Cup

Charity Cup

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံ ဧရာဝတီယူနိုက်တက်အသင်းတို့ရဲ့ တွေ့ဆုံမှုကို အောင်ဆန်းကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပြိုင်ဖက်အသင်းကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ရန်ကုန်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၃၁ မိနစ်မှာ ကြည်လင်းရဲ့ ညာခြမ်းကနေ ၁၈ ကိုက်စည်းထိပ်ကို ချပေးရာမှ ဘရာဇီးတိုက်စစ်မှုး အယ်ဒီဆင်က ဂိုးသမားဘယ်ထောင့်ကို သွင်းယူပြီး ၂၀၁၆ ကွင်းဖွင့်ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။ ယခုနှစ်အပါအဝင် နှစ်ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ တစ်ကြိမ်၊ ယခု ၂၀၁၆ တွင် တစ်ကြိမ်ထပ်မံရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။