Young Lionesses ကိုအနိုင်ယူပြီး ပထမဆုံးနိုင်ပွဲရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်း

Young Lionesses ကိုအနိုင်ယူပြီး ပထမဆုံးနိုင်ပွဲရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်း

ရန်ကုန်ယူနိုက်တက် အမျိုးသမီးဘောလုံးအသင်းသည် ၂၀၂၃ မြန်မာအမျိုးသမီးလိဂ် ပွဲစဥ် ၅ အဖြစ် Yong Lionesses အသင်းနှင့် ယှဥ်ပြိုင်ကစားခဲ့ရာ သုံးဂိုးပြတ် ဖြင့် Young Lionesses အသင်းကို အနိုင်ရရှိခဲ့ပြီး ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအတွက် ဂိုးများကို ဇင်မိုးပြည့်၊ ပန်းအိနွယ်၊ ယွန်းဝတီလှိုင် တို့က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် မိနစ် ၃၀ တွင် ဇင်မိုးပြည့်က သွင်းယူခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက Young Lionesses အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ကစားအား ကျသွားခြင်းမရှိဘဲ ပွဲချိန် ၅၂ တွင် ပန်းအိနွယ် က ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့သည်။ တတိယဦးဆောင်ဂိုးကို ပွဲချိန် ၈၄ မိနစ်တွင် ယွန်းဝတီလှိုင် က သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းက ၃-၀ ဂိုးဖြင့် Young Lionesses အသင်းကို အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ၂၀၂၃ မြန်မာအမျိုးသမီးလိဂ် ဒုတိယအကျော့ (ပွဲစဥ် ၆) အဖြစ် သြဂုတ်လ ၄ ရက်တွင် Young Lionesses အသင်းနှင့် စလင်းကွင်းတွင် ထပ်မံယှဥ်ပြိုင်ရမည် ဖြစ်သည်။