MFF Max Cement Cup

MFF Max Cement Cup

ရန်ကုန်ယူနိုက်တက်အသင်းအတွက် နေပြည်တော်အသင်းကိုနိုင်လိုက်ပြီးချန်ပီယံဆုသိမ်းပိုက်လိုက်နိုင်ခဲ့တာက တစ်နှစ်ထဲမှာတင် ဖလားနှစ်လုံးရယူနိုင်ရေးအိမ်မက်ကိုလက်တွေ့အကောင်အထည်ဖော်ခြင်းပဲဖြစ်ခဲ့ပါတယ်။ အကြိုဗိုလ်လုပွဲစဉ်မှာ မကွေးအသင်းကို ၁-၀ နဲ့အနိုင်ရရှိပြီး ဗိုလ်လုပွဲကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဂျူဗီနယ်နဲ့ ချားလ်အိုဘီတို့က နှစ်ဂိုးစီသွင်းယူခဲ့ပြီး ဟန်ဆန် ကတစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းတွင်း ၂ ဂိုးနဲ့ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် ၃ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ရာ ပွဲပြီးဆုံးချိန်မှာတော့ ရန်ကုန်အသင်းက နေပြည်တော်အသင်းကို၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်ကို အချိုမြိန်ဆုံးအောင်မြင်မှုတွေနဲ့ နှုတ်ဆက်ခဲ့တဲ့နှစ်ဖြစ်ခဲ့ပါတယ်။