Charity Cup

Charity Cup

၂၀၁၈ ခုနှစ်ဟာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အမှတ်ရစရာများစွာတွေရှိနေတဲ့နှစ်တစ်ခုဖြစ်ပါတယ်။ ဘောလုံးရာသီရဲ့ နှစ်အစတစ်ခုဖြစ်တဲ့ ဇန်နဝါရီလ သစ်လွင်လတ်ဆက်မှုတွေနဲ့အတူ ရှမ်းယူနိုက်တက်အသင်းကို အောင်ဆန်းကွင်းမှာယှဉ်ပြိုင်ကစားခဲ့ပြီး ကွင်းဖွင့်ဖလားကို ၄-၆ ဂိုးနဲ့ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ဆီလာ ၂ ဂိုး သွင်းယူခဲ့ပြီး မွန်ကာလူး၊ အီမာနျုရယ်၊ ဆီလာ နဲ့ ငြိမ်းချမ်းအောင် တို့ရဲ့ ပင်နယ်တီသွင်းဂိုးတွေနဲ့ ချန်ပီယံဆုဖလား ရယူခဲ့တာဖြစ်ပြီး နှစ်အစမှာ ပရိသတ်တွေအတွက် ဆုဖလားတစ်ခုယူပေးနိုင်ခဲ့တာက ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဂုဏ်ယူပီတိဖြစ်စရာတစ်ခုလည်း ဖြစ်ပါတယ်။