မြန်မာ့လက်ရွေးစင်နဲ့ အိန္ဒိယကလပ်အိုဒီရှာတိုက်စစ်မှုး ဝင်းသိင်္ဂီထွန်း ကို ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းအတွက်ခေါ်ယူ

မြန်မာ့လက်ရွေးစင်နဲ့ အိန္ဒိယကလပ်အိုဒီရှာတိုက်စစ်မှုး ဝင်းသိင်္ဂီထွန်း ကို ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းအတွက်ခေါ်ယူ

နိုင်ငံတကာအတွေ့အကြုံကောင်းများစွာပိုင်ဆိုင်ထားတဲ့ မြန်မာ့လက်ရွေးစင်နဲ့ အိန္ဒိယကလပ်အိုဒီရှာတိုက်စစ်မှုး ဝင်းသိင်္ဂီထွန်း က ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအတွက်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။
လာမယ့် ၂၀၂၄ မြန်မာအမျိုးသမီးလိဂ် အတွက် ပြင်ဆင်မှုများပြုလုပ်နေတဲ့ ရန်ကုန်အမျိုးသမီးအသင်းမှာ တိုက်စစ်နေရာကို အားဖြည့်ဖို့အတွက် ဝင်းသိင်္ဂီထွန်း ကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။ မကြာသေးမီကျင်းပ ပြီးစီးခဲ့တဲ့ India Women League 2023-24 မှာ အိန္ဒိယကလပ် Odisha အသင်းနဲ့ခြေစွမ်းပြသပြီး ချန်ပီယံဆုကြီးဆွတ်ခူးနိုင်ခဲ့တဲ့ ဝင်းသိင်္ဂီထွန်းကတော့ ပြည်တွင်းချန်ပီယံဆုဖလားတွေကို မြဝတီအသင်းနှင့် ၂ ကြိမ်၊ အိန္ဒိယအမျိူးသမီးလိဂ်ချန်ပီယံဆုများကို Gokulam, Lords FC ၊ Odisha အသင်းတို့နှင့် ချန်ပီယံဆု ၁ ကြိမ်စီရရှိအောင်စွမ်းဆောင်ပြသနိုင်ခဲ့သူဖြစ်ပါတယ်။