ယနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့သည့် AFC Cup 2023/24 (Play Off) ပြိုင်ပွဲတွင် PSM Makassar အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင်  PSM Makassar အသင်းက ၄-၀ ဂိုးဖြင့် ရန်ကုန်အသင်းကို အနိုင်ရရှိခဲ့သည်။

ယနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့သည့် AFC Cup 2023/24 (Play Off) ပြိုင်ပွဲတွင် PSM Makassar အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် PSM Makassar အသင်းက ၄-၀ ဂိုးဖြင့် ရန်ကုန်အသင်းကို အနိုင်ရရှိခဲ့သည်။

ပွဲချိန် ၅ မိနစ်တွင် ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပြီး အယ်ဒီဆင် က သွင်းယူခဲ့သည်။ ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၃၄ မိနစ်တွင် ရန်ကုန်အသင်းထောင့်ကန်ဘော ကန်တင်ရာမှ ပြန်ကျလာသည့် ဘောလုံးကို အဲဗာတန် တောက်လျှောက်ဆွဲယူ လာပြီး သွင်းယူပေးခဲ့သည်။ ဗလန်စီယာ ဂိုးသွင်းခွင့်အခွင့်အရေး ရရှိခဲ့သော် လည်း တစ်ဖက်ဂိုးသမားပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ၂-၀ ဖြင့် PSM Makassar က ဦးဆောင်နေခဲ့သည်။
PSM Makassar အသင်းအတွက် တတိယဦးဆောင်ဂိုးကို ပွဲချိန် ၅၁ မိနစ်တွင် ဆာယူရီ၊ စတုတ္ထဂိုးကို ၆၀ မိနစ်တွင် အယ်ဒီဆင် က နောက်ပြန်ကန်သွင်း ချက်ဖြင့် ရယူခဲ့သည်။ ရန်ကုန်အသင်း လူစားလဲမှုများလုပ်ခဲ့ပြီး ဟာဘီလာ အစား ဝင်ရောက်လာသည့် ဇာနည်ထက်က ညာခြမ်းမှ ဂိုးရှေ့ကန်တင်ပေးခဲ့ရာ ဗလန်စီယာ ကန်သွင်းရန်ကြိုးစားသော်လည်း ဂိုးသမားဖမ်းမိခဲ့ပြီး ပွဲပြီးဆုံးချိန် တွင် ရန်ကုန်ယူနိုက်တက်အသင်းက PSM Makassar ကို ၄-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ သည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဂတ်ဇီ က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် “ အနိုင်ရသွားတဲ့ PSM Makassar အတွက်ဂုဏ်ယူပါတယ်။ ရိုးရိုးလေးပါပဲ။ PSM Makassar ဘက်မှာက ခန္ဓာကိုယ် တောင့်တောင့် တင်းတင်း ရှိတဲ့ ကစားသမား လေးယောက်လောက်ပါတဲ့အားသာချက်နဲ့ နိုင်သွားတာဖြစ်ပါတယ်။ အဲ့ဒါကို မထိန်းနိုင်ခဲ့တာပါပါတယ်။ သူတို့တွေက အသင်းကလူတွေထက်ကို လုံးဝ အရပ်အမောင်းအရ၊ လူကောင်အရသာ ကြပါတယ်။ ဒါကြောင့်လည်း ဂိုးသွင်းဖို့အခွင့်အရေးရဖို့ ခက်ခဲ့ပါတယ်။ ဒါပေမယ့်အသင်းရဲ့ လုပ်ဆောင်နိုင်စွမ်းကိုတော့ စောဒကမတက်ပါဘူး။ သူတို့တွေ လုပ်အားနှုန်းမကျဘဲအကောင်းဆုံးကြိုးစားကြတယ်၊ ဒါပေမယ့် ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။ သူတို့ရဲ့ကွင်းတွင်း လုပ်ဆောင်ချက်တွေကို အသိမှတ်ပြုပါတယ်” ဟု ပြောကြားခဲ့သည်။