ရာသီပိတ်ပွဲစဉ်တွင် ဂိုးပြတ်နိုင်ပွဲဖြင့်ပိတ်သိမ်းနိုင်ခဲ့သည့် နည်းပြချုပ်ရန်အောင်ကျော်၏ ရန်ကုန်ယူနိုက်တက်(ယူ-၂၀)အသင်း…..
ယနေ့ယှဉ်ပြိုင်ကစားကြသည့် မြန်မာနေရှင်နယ်လိဂ်လူငယ်အမှတ်ပေးပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်(ယူ-၂၀)အသင်းနှင့် ဟံသာဝတီယူနိုက်တက်(ယူ-၂၀)အသင်းတို့ ပဒုမ္မာအားကစားကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ကြရာ ၄-၀ ဖြင့်
ရန်ကုန်ယူနိုက်တက်အသင်းမှ ဂိုးပြက်အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်လူငယ်အသင်း အတွက်ဦးဆောင်ဂိုးကို ပွဲချိန် ၁၉မိနစ် ထက်ဝေယံစိုး၏ ပေးပို့မှုမှတဆင့် အားရွေ မှသွင်းယူပေးခဲ့ပါသည်။ဆက်လက်၍ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီးဆုံးခါနီး
ပွဲချိန် ၄၁မိနစ်တွင် ကန်သွင်းမှုကိုတစ်ဖက်ဂိုးသမား၏ ဂိုးကာကွယ်မှု အမှားယွင်းမှတဆင့် ကောင်ခန့်ကျော်က ကန်သွင်းယူနိုင်ခဲ့ပြီး ဒုတိယဦးဆောင် ဂိုးကိုရရှိခဲ့သည်။
ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းက ဆက်လက်၍ဖိအားပေးကစားခဲ့ရာ ပွဲချိန် ၇၀ နှင့် ၈၃ မိနစ်တွင် တိုက်စစ်ကစားသမားဖြစ်သူ စိုင်းဇေယျာကျော် မှပြစ်ဒဏ်ဘောတစ်လုံး နှင့်
တစ်ဖက်အသင်း၏နောက်တန်းကစားသမားပြန်လည်ပေးပို့မှုအမှားမှတစ်လုံးဖြင့် နှစ်ဂိုးဆက်တိုက်သွင်းယူပေးခဲ့ပါသည်။
ရန်ကုန်ယူနိုက်တက်(ယူ-၂၀)အသင်းသည်ရာသီပွဲပြီးဆုံချိန်တွင် ၂၄ ပွဲကစား၊ ၁၂ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၄၀ မှတ်ရရှိခဲ့ပြီး ၂၀၂၄ရာသီပွဲပြီးဆုံးချိန်တွင်အဆင့် ၅ နေရာ၌ရပ်တည်ခဲ့သည်။
Coach Yan Aung Kyaw’s Yangon United (U-20) team finished with a clean sheet in the 2024 season’s last match