မဟာယူနိုက်တက်အသင်းကို ဂိုးဒါဇင်ဝက် သွင်းယူပြီးနိုင်ပွဲရရှိခဲ့သည့်ရန်ကုန်ယူနိုက်တက်အသင်း

မဟာယူနိုက်တက်အသင်းကို ဂိုးဒါဇင်ဝက် သွင်းယူပြီးနိုင်ပွဲရရှိခဲ့သည့်ရန်ကုန်ယူနိုက်တက်အသင်း

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် ယနေ့ မြန်မာနေရှင်နယ်လိဂ် (ယူ-၂၀) ပြိုင်ပွဲ၊ ဒုတိယမြောက်ပွဲစဉ်အဖြစ် မဟာယူနိုက်တက် (ယူ-၂၀) အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ ၆-၀ နှင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်အသင်းက တိုက်စစ်ခြေစွမ်းပြကစားခဲ့ပြီး ပထမပိုင်းတွင် (၃)ဂိုးထိ ရရှိခဲ့ပြီး မင်းသန့်ဘို (၁၁) မိနစ် ၊ ဘုန်းဇော်ဟန် (၂၂) မိနစ် ၊ ရဲဝင်းအောင် (၄၅) မိနစ် တို့ကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်အသင်းက ဆက်တိုက်ဖိအားပေးကစားနိုင်ခဲ့ပြီးနောက် လူစားလဲမှုများပြုလုပ်ခဲ့ကာ တစ်ဖက်အသင်းကို တိုက်စစ်ဆင်ကစားနိုင်ခဲ့သည်။ ပွဲချိန် (၇၀) မိနစ်တွင် မဟာယူနိုက်တက် နောက်ခံလူ လွန်းတင် ၏ ဘောလုံးရှင်းထုတ်ရာမှ ကိုယ့်ဂိုးကိုသွင်းယူမိခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးဖြစ်စေခဲ့သည်။ ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းက ဦးဆောင်ဂိုးများထပ်မံရရှိရေးအတွက် ဆက်လက်တိုက်စစ်ဆင်ကစားခဲ့ပြီး ထက်ဝေယံစိုး က (၇၄) မိနစ်၊ နိုင်လာ က အချိန်ပို ၄ မိနစ်တွင်တို့တွင် ဦးဆောင်ဂိုးများထပ်မံသွင်းယူပေးခဲ့ပြီး ပွဲပြီးတွင် (၆-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် ၂ ပွဲကစား၊ ၁ ပွဲနိုင်၊ ရမှတ် ၃ မှတ် ရရှိထားပြီး လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် ဒဂုံစတား (ယူ-၂၀) အသင်းနှင့်တွေ့ဆုံယှဉ်ပြိုင်မည်ဖြစ်သည်။