စိုင်းဇေယျာကျော်ရဲ့ စူပါဟက်ထရစ်ဖြင့် မြဝတီ (ယူ-၂၀) အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့သည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်း

စိုင်းဇေယျာကျော်ရဲ့ စူပါဟက်ထရစ်ဖြင့် မြဝတီ (ယူ-၂၀) အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့သည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်း

မြဝတီ (ယူ-၂၀) အသင်းနှင့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀)တို့၏ ပွဲစဉ်ကို ယနေ့ညနေ ၃:၃၀ နာရီက ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက စိုင်းဇေယျာကျော်၏ စူပါဟက်ထရစ်ဂိုးနှင့် မြဝတီ (ယူ-၂၀) အသင်းကို အနိုင်ရရှိခဲ့သည်။

ပွဲစစချင်းမှာပင် နှစ်ဖက်အသင်းစလုံး လျှင်လျှင်မြန်မြန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး ပွဲချိန် (၂၈) မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ တောင်ပံကစားသမားကောင်းခန့်ကျော် ဧရိယာထဲဆွဲပြေးရန်ကြိုးစားခဲ့ရာ မြဝတီအသင်းမှ ဖြတ်ထုတ်ပုံကြမ်းတမ်းသဖြင့် ရန်ကုန်အသင်း ပင်နယ်တီရရှိခဲ့သည်။ ထိုပင်နယ်တီကို တိုက်စစ်ကစားသမား စိုင်းဇေယျာကျော်မှ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက ဦးဆောင်ဂိုးရရှိခဲ့ကာ ပထမပိုင်းကို ၁-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားပုံက ကျဆင်းသွားမှုမရှိဘဲ ဆက်လက်တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် (၅၆) မိနစ်၊ (၆၈)မိနစ် နှင့် (၇၂) မိနစ်များတွင် တိုက်စစ်ကစားသမား စိုင်းဇေယျကျော်ကပဲ စူပါဟက်ထရစ် သွင်းယူခဲ့ကာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဂိုးပြတ်နိုင်ပွဲတစ်ပွဲဖြစ်စေခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် ၁၇ ပွဲကစား၊ ၉ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၅ ပွဲရှုံး၊ ရမှတ် ၃၀ မှတ်ရရှိထားပြီး လာမည့် အောက်တိုဘာ ၂၉ ရက်နေ့၊ စလင်းကွင်းတွင် ရှမ်းယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။