YREO အသင်းကို ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ဂိုးပြတ်အနိုင်ရရှိ

YREO အသင်းကို ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ဂိုးပြတ်အနိုင်ရရှိ

ယနေ့ညနေက YUSC ကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် YREO အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အမျိုးသမီးအသင်းက ၃-၀ ဂိုးနှင့် YREO အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ပွဲထွက်ကစားသမားပြောင်းလဲမှုအချို့နှင့် ပွဲထွက်လာခဲ့ပြီး တစ်ဖက်အသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။ ပွဲချိန် ၂၆ မိနစ်တွင် ပန်းအိနွယ်အစား ယွန်းဝတီလှိုင် ဝင်ရောက်လာခဲ့ပြီး ၁၀ မိနစ်အကြာတွင် ဦးဆောင်ဂိုးရရှိခဲ့ကာ မြနှင်းဝေ က သွင်းယူပေးခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ဂျုးထက်ဝေ အစား ယုယုနိုင် ဝင်ရောက်ကစားခဲ့ပြီး ၅၆ မိနစ်တွင် စုစုကြည် က ယွန်းဝတီလှိုင် ညာခြမ်းကအနီးကပ်ချပေးသည့်ဘောလုံးကို အပိုင်ကန်သွင်းယူနိုင်ခဲ့သည်။ ၇၉ မိနစ်တွင် ယွန်းဝတီလှိုင် ညာခြမ်းမှ ဂိုးရှေ့ကန်တင်ပေးမှုကို ဇင်မိုးပြည့်က ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက YREO အသင်းကို ၃-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ပွဲစဉ် ၁၆ ပွဲကစား၊ ၁၁ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၃၆ မှတ် နှင့် ဒုတိယနေရာတွင်ရပ်တည်နေပြီး လာမည့် အောက်တိုဘာ ၃၀ ရက်နေ့၊ စလင်းကွင်းတွင် မြဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။