MNL (U-20) Youth League ပြိုင်ပွဲ တွင် မြဝတီအသင်းကို ရန်ကုန်ယူနိုက်တက်အသင်း ၃-၁ ဂိုးနှင့်အနိုင်ရရှိ

MNL (U-20) Youth League ပြိုင်ပွဲ တွင် မြဝတီအသင်းကို ရန်ကုန်ယူနိုက်တက်အသင်း ၃-၁ ဂိုးနှင့်အနိုင်ရရှိ

ယနေ့ ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် မြဝတီ (ယူ-၂၀) အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းက (၃-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ပွဲကိုတိုက်စစ်အားပြုကစားခဲ့ရာ ပွဲစဉ် (၁၁) မိနစ်တွင် အားရွယ် မှ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည််။
ထိုဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်းက ပထမပိုင်းကို (၁-၀) ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင်လည်း ရန်ကုန်အသင်း ကစားအားမချဘဲ တိုက်စစ်ကိုပိုမိုမြှင့်တင်ခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် အသင်းခေါင်းဆောင် ရဲဝင်းအောင်၊ ပွဲချိန် ၆၈ မိနစ်တွင် အားရွယ်တို့က ရန်ကုန်ယူနိုက်တက်အတွက် ဂိုးပြတ်အနိုင်ရစေမဲ့ဂိုးများကိုသွင်းယူပေးခဲ့သည်။ မြဝတီအသင်းအတွက် တလုံးတည်းသော ချေပဂိုးကို ပွဲချိန် ၆၀ မိနစ်တွင် တက်နေဝင်း ကသွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို (၃-၁) ဂိုး ရလဒ်ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၄ ပွဲကစား၊ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရမှတ် ၆ မှတ်ရရှိထားပြီး လာမည့် ဇူလိုင် ၄ ရက်နေ့၊ အား/ကာသိပ္ပံ (ယူ-၂၀) အသင်းနှင့် စလင်းကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။