MNL League cup 2024 ဗိုလ်လုပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းကို ရန်ကုန်ယူနိုက်တက်အသင်း အရေးနိမ့်

MNL League cup 2024 ဗိုလ်လုပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းကို ရန်ကုန်ယူနိုက်တက်အသင်း အရေးနိမ့်

ယနေ့ ဇွန်လ (၁၉) ရက် သုဝဏ္ဏကွင်းတွင် MNL League cup 2024 (final) အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကာ ရန်ကုန်အသင်းက ရှမ်းအသင်းကို ၀-၁ ဂိုးနှင့် အရေးနိမ့်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် (၃၆) မိနစ်မှာ ရဲရင့်အောင်ကသွင်းယူပေးခဲ့သည်။ ရန်ကုန်ယူနိုက်တက်ဘက်မှချေပဂိုးရရှိရေး အတွက် ဒုတိယပိုင်းတွင် လူစားလဲမှုများနှင့် တိုက်စစ်ဆင်ကစားခဲ့သော်လည်း တစ်ဖက်အသင်းက အနိုင်ရလဒ်ကို ထိန်းကာ ဟန့်တားကစားနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်အသင်းက ရှမ်းအသင်းကို ၁-၀ ဂိုးနှင့် ရှုံးနိမ့်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ် ဖရန့်ဘန်ဟတ် က “ ကျွန်တော်တို့ ပထမပိုင်းမှာ အလုပ်သေချာမလုပ်နိုင်ခဲ့ပါဘူး။ အတော်လေးအားနည်းခဲ့ကြပါတယ်။ ဒုတိယပိုင်းမှာအနည်းငယ်ကောင်းလာခဲ့ပေမယ့်အရေးပါတဲ့အခွင့်အရေးတွေကိုမရခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။