AGD Bank မှ သိန်း (၅၀)၊ Cosponsor ဖြစ်သည့် First National Insurance (FNI) မှ သိန်း (၅၀) အသီးသီးချီးမြှင့်

AGD Bank မှ သိန်း (၅၀)၊ Cosponsor ဖြစ်သည့် First National Insurance (FNI) မှ သိန်း (၅၀) အသီးသီးချီးမြှင့်

AFC Cup 2023/24 (Preliminary stage) ပွဲစဉ်တွင် ဘရူနိုင်းကလပ် DPMM အသင်းကို အနိုင်ရရှိခဲ့သော ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းကို အသင်း၏ Main Sponsor ဖြစ်သည့် AGD Bank မှ သိန်း (၅၀)၊ Cosponsor ဖြစ်သည့် First National Insurance (FNI) မှ သိန်း (၅၀) အသီးသီးချီးမြှင့်ခဲ့ပါသည်။
ယခုလို ဂုဏ်ပြုဆုငွေချီးမြှင့်မှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် နောက်လာမည့် နိုင်ငံတကာပွဲစဉ်များတွင်လည်း နိုင်ငံဂုဏ်ဆောင်နိုင်စေရန် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ပါသည်။
အားပေးခဲ့ကြသည့် ပရိသတ်တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။