AFC Cup 2023/24 တွင် ဘရူးနိုင်းကလပ် DPMM FC အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတွေ့ဆုံ

AFC Cup 2023/24 တွင် ဘရူးနိုင်းကလပ် DPMM FC အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတွေ့ဆုံ

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup 2023/24 အကြိုခြေစစ်ပွဲအဆင့်တွင် ဘရူးနိုင်းကလပ် DPMM FC အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
DPMM FC အသင်းသည် စင်္ကာပူပရီမီးယားလိဂ်တွင်ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့်အသင်းဖြစ်ပြီး လက်ရှိတွင် အဆင့် ၇ နေရာ၌ ရပ်တည်နေသည့်အသင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် အဆိုပါအသင်းနှင့် ဩဂုတ်လ ၁၆ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ သုဝဏ္ဏကွင်းတွင် လက်ခံယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
အဆိုပါ ပွဲမှအနိုင်ရရှိသည့်အသင်းသည် နောက်တဆင့်တွင် အင်ဒိုနီးရှားကလပ် PSM Makassar အသင်းနှင့် ဩဂုတ်လ ၂၃ ရက်နေ့၊ အင်ဒိုနီးရှားနိုင်ငံတွင်သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။