AFC ကလပ်လိုင်စင်အတွက် ပြင်ဆင်ထားရှိမှုများ ကို ကလပ်လိုင်စင်ဆိုင်ရာ ပဏာမစစ်ဆေးရေးအဖွဲ့ (FIB)မှ လာရောက်စစ်ဆေး

AFC ကလပ်လိုင်စင်အတွက် ပြင်ဆင်ထားရှိမှုများ ကို ကလပ်လိုင်စင်ဆိုင်ရာ ပဏာမစစ်ဆေးရေးအဖွဲ့ (FIB)မှ လာရောက်စစ်ဆေး

အာရှဘောလုံးအဖွဲ့ချုပ် AFC ၏ AFC-MFF Club Licensing Regulations 2023 အတွက် ရန်ကုန်ယူနိုက်တက် အသင်းဆိုင်ရာ အထောက်အထားများ ပြင်ဆင်ထားရှိမှုများကို ကလပ်လိုင်စင်ဆိုင်ရာ ပဏာမစစ်ဆေးရေးအဖွဲ့ (FIB) မှ ယနေ့နံနက် ၁၀ နာရီက Yangon United Sports Complex တွင် လာရောက် စစ်ဆေးခဲ့ကြသည်။
ယခုစစ်ဆေးမှုသည် AFC CLAS System သို့ ကလပ်လိုင်စင်ဆိုင်ရာ criteria များကိုတင်ပြထားပြီး AFC မှ ဆုံးဖြတ်ချက်မချရသေးမီ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် First Instance Body (FIB) ဥက္ကဌနှင့် တာဝန်ရှိသူများက ကြိုတင်စစ်ဆေးခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူများမှ ပြင်ဆင်ထားမှုများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့သည်။